နေပြည်တော် ၁ အောက်တိုဘာ

 

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ အလှူရှင်များက ခေတ်ဟောင်း (အင်္ဂလိပ်/ မြန်မာ) ဓာတ်ပြားများနှင့် ဓာတ်ပြားစက်များအား ဆက်သွယ်လှူဒါန်းလျက်ရှိကြသည်။

 

ယင်းသို့ လှူဒါန်းကြရာ စက်တင်ဘာ(၁၇) ရက်တွင် မအူပင်မြို့၊ (၆)ရပ်ကွက်၊ ခိုင်စံပယ်လမ်း၊ အမှတ် (၅၆)နေ ဦးတင်ဝင်း+ဒေါ်ကြည်မိသားစုမှ ကက်ဆက်ခွေ (တရားတော်+တေးစီးရီး) (၁၇၆) ခွေ၊  စက်တင်ဘာ (၁၉)ရက်တွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ သစ္စာလမ်းမကြီး၊ ကန်ပဲ့လမ်း ၁ (ခ) နေ ဒေါ်သီတာထွန်းမိသားစုနှင့် မောင်ဖြစ်သူ ဦးဝင်းမြင့်ထွန်း+ဒေါ်တင်မာရီမိသားစုမှ မြန်မာခေတ်ဟောင်း ဓာတ်ပြား အချပ်(၆၀)၊ ဓာတ်ပြားစက် (၁)လုံး၊ စက်တင်ဘာ (၁၉)ရက်တွင် ရန်ကုန်မြို့၊ သင်္ဃန်း ကျွန်းမြို့နယ်၊ ပြည်ထောင်စုရိပ်မွန်၊ စိန်ပန်းလမ်း၊ အမှတ် (၄) နေဦးမြသန်း+ ဒေါ်ဝေဝေပြုံး မိသားစုမှ ကတ်ဆက်ခွေ (တရားတော်+တေးစီးရီး+အင်္ဂလိပ်သီချင်း) (၆၉) ခွေ၊ ကတ်ဆက် (၁) လုံး၊ Video Receiver (၁) လုံး၊ Satellite Receiver (၁) လုံး၊ စက်တင်ဘာ (၁၉) ရက်တွင် ရန်ကုန်မြို့၊ ချော်တွင်းကုန်း၊ ပါရမီရိပ်သာ၊ ကန့်ကော်မြိုင် လမ်းသွယ်(၂)၊ အမှတ် (၁၃) နေကွယ်လွန်သူ ဒေါ်စိန်စိန်၊ သမီးမချစ်တုန်အားရည်စူး၍ ဦးခင်မောင်ချိုမိသားစုမှ ကတ်ဆက်ခွေ (မြန်မာ+အင်္ဂလိပ်+တေးစီးရီး) (၇၆) ခွေ၊ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဆ-က ရပ်ကွက်၊ ရတနာမြဉ္ဇူလမ်း၊ သုံးလွှာ၊ အမှတ် (၁၈၃) နေ ဦးလွင်အားရည်စူး၍ သားသမီးမြေးတစ်စုမှ အင်္ဂလိပ်ခေတ်ဟောင်းဓာတ်ပြား (၂၂)ချပ်၊ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်၊ ဇေယျသုခလမ်း၊ တိုက် (၁၅၂)နေ ဦးမင်းသိမ်းမိသားစုမှ အင်္ဂလိပ်ခေတ်ဟောင်းဓာတ်ပြား (၂)ချပ်၊ စက်တင်ဘာ (၂၃)ရက်တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဂမုန်းပွင့်ကွန်ဒို (7.GH)နေ ဦးဇော်ဝေ မိသားစုမှ မြန်မာခေတ်ဟောင်း ဓာတ်ပြား (၄)ချပ်၊ အင်္ဂလိပ်ခေတ်ဟောင်းဓာတ်ပြား (၁၃) ချပ်၊ ဓာတ်ပြားစက်(၁)လုံး၊ Sound Box (၄)လုံး၊ စက်တင်ဘာ (၂၆)ရက်တွင် ပဲခူးမြို့၊ နဂါးလိန်ရပ်ကွက်၊ အောင်ရတနာလမ်း၊ အောင်သိုက်ကန်ကျောင်းတိုက်အတွင်းနေ ဆရာလေးဒေါ်သုစန္ဒာမှ ကတ်ဆက်ခွေ (တရားတော်) (၂၆)ခွေ၊ စက်တင်ဘာ (၃၀)ရက်တွင် မင်္ဂလာဒုံမြို့နယ်၊ ကျိုက်ကလို့ ဘုရားအနီး၊ စက်မှုလယ်ယာ ဝန်ထမ်းအိမ်ယာနေ ဒေါ်မြင့်မြင့်ကြည် မိသားစုမှ ကတ်ဆက်ခွေ (တရားတော်+တေးစီးရီး) (၂၃၅)ခွေ၊ ရန်ကုန်မြို့၊ အရှေ့ဒဂုံမြို့နယ်၊ (၃)ရပ်ကွက်၊ ဗိုလ်ဖိုးဝင်း (၃)လမ်း၊ အမှတ် (၁၁၇)နေ ဦးစိုးဝင်းနိုင်မိသားစုမှ အင်္ဂလိပ်ခေတ်ဟောင်း ဓာတ်ပြား (၂၁)ချပ်၊ ရန်ကုန်မြို့၊ သုဝဏ္ဏမြို့နယ်၊ ယင်းမာမြိုင်လမ်း၊ အမှတ် (၈၆/၂)နေ ဒေါက်တာဦးစိုးရ မြို့နယ် ဆရာဝန်ကြီး (အငြိမ်းစား)၊ ပြင်ဦးလွင်အားရည်စူး၍ တူဖြစ်သူဦးမျိုးညွန့်၊ တူမဖြစ်သူ ဒေါ်စန်းစန်းလဲ့ မိသားစုမှ မြန်မာခေတ်ဟောင်းဓာတ်ပြား (၁၈၅)ချပ်၊ အင်္ဂလိပ်ခေတ်ဟောင်းဓာတ်ပြား (၁၂)ချပ်၊ Tape Recorder (၁)လုံး၊ တရား CD ခွေအချပ်(၃၀)တို့အား လည်းကောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရုံးခွဲ (ရန်ကုန်)သို့ ဆက်သွယ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ခေတ်ဟောင်း (အင်္ဂလိပ်/မြန်မာ) ဓာတ်ပြားများနှင့် ဓာတ်ပြားစက်များအား ထိန်းသိမ်းထားရှိလိုသဖြင့် လှူဒါန်းလိုသူများရှိပါက ဦးရန်နိုင်ထွန်း လက်ထောက်ညွှန်ကြားရေးမှူး(မှတ်တမ်း) ဖုန်း ဝ၆၇-၇၉၂၈၀၊ ဝ၉-၂၅၂၄၁၂၈၁၃၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နေပြည်တော်(တပ်ကုန်း)နှင့် ဦးတင်အုန်း (ဦးစီးအရာရှိ) ဖုန်း ဝ၉-၄၂၀၂၅၂၀၆၈၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရုံးခွဲ (ရန်ကုန်)တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

သတင်းစဉ်