သထုံ ၂၄ အောက်တိုဘာ
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့ပူးပေါင်းကာ ယနေ့နံနက် ၁၁ နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းများ၌ မြန်မာစာယူနီကုဒ် စံစနစ်သုံးစွဲရေး အသိပညာပေးဟောပြောပြီး တက်ရောက်လာသူတို့၏ မိုဘိုင်းဖုန်းများကို ယူနီကုဒ် စနစ်ပြောင်းလဲပေခြင်းဖြင့် ဝန်ဆောင်မှုများ ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်လေးနွယ်က ဝန်ဆောင်မှုများပြုလုပ်ပေးရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း သထုံခရိုင်တာဝန်ခံ ဦးကိုကိုဦးက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသည့် ယူနီကုဒ်စံစနစ်ပြောင်းလဲ အသုံးပြုခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
အဆိုပါနေ့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ နည်းပညာဆိုင်ရာကျွမ်းကျင်ဝန်ထမ်းများက နံနက်ပိုင်းမှ မွန်းလွဲ ၄ နာရီအထိ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအဖွဲ့ဝင် များနှင့် စိတ်ပါဝင်စားသူတို့၏ မိုဘိုင်းဖုန်းများအား ယူနီကုဒ် စံစနစ်ပြောင်းလဲပေးခြင်းဖြင့် ဝန်ဆောင်မှု ပေးခဲ့ကြောင်း သိရသည်။
သက်ဦး(သထုံ)


