မြန်မာ့စာတိုက်လုပ်ငန်း ပြည်မြို့မှ စာအုပ်လှူဒါန်းမှုများအတွက် အခမဲ့ပို့ဆောင်ပေး

ပြည်  ၁  အောက်တိုဘာ

 

မြန်မာ့စာတိုက်လုပ်ငန်း ပြည်စာတိုက်၌ အောက်တိုဘာ ၁ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ကျေးလက်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ပြည်မြို့နယ် စာရေးဆရာအသင်း ဘဏ္ဍာရေးမှူး ဦးရွှေဝင်း လှူဒါန်းသော သုတ၊ ရသ စာအုပ်များအား မြန်မာ့စာတိုက်လုပ်ငန်း ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) တိုင်းမန်နေဂျာ ဒေါ်ဌေးဌေးဝင်းနှင့် စာတိုက်မှူး ဒေါ်မေမင်းဟန်တို့က အခမဲ့ ပို့ပေးသည့်စနစ်ဖြင့် ဆောင်ရွက်ပေးခဲ့သည်။

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းသည် ပြည်သူအများ စာဖတ်နှုန်းမြင့်တက်စေရန် တစ်ဖက်တစ်လမ်းမှ ဝန်ဆောင်မှုပေးသည့်အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြန်ကြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသော လူထုအခြေပြုဗဟိုဌာနများ (စာကြည့်တိုက်များ)သို့ စာအုပ်များ ပေးပို့လှူဒါန်းလိုပါက တစ်နိုင်ငံလုံးအနှံတွင် တည်ရှိသော စာကြည်တိုက်ပေါင်း (၇၉၃)ရုံးမှ လက်ခံ၍ ပေးပို့လိုသည့် မြို့များသို့ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်ကာ အခမဲ့ ပေးပို့ပေးမည်ဖြစ်ကြောင်း သိရသည်။

 

မောင်ရွှေဝင်း(ပြည်)