ထီးချိုင့် ၁၁ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သဘောတူညီချက်နှင့်အတူ Wi-Fi ( Data SIM) အင်တာနက်ကို ထီးချိုင့်မြို့နယ်ပြည်သူ့ဆေးရုံတွင် အင်တာနက် အခမဲ့ချိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အင်တာနက် အခမဲ့ချိတ်ဆက်ခြင်းကို (၁)လ လျှင် (20G) ဒေတာပမာဏဖြင့် (၂)နှစ် တာ အခမဲ့ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပြီး အင်တာနက်သုံးစွဲခနှင့် စက်ပစ္စည်းများ ဝယ်ယူတပ်ဆင်မှု စရိတ်အဖြစ် စုစုပေါင်းငွေကျပ် (၁၀၄၉၀ဝဝ) ကျပ်ကို အကုန်အကျခံ ဆောင်ရွက်ပေးခဲ့သည်။
အင်တာနက် အခမဲ့ချိတ်ဆက်ခြင်းအတွက် စက်ပစ္စည်းများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မြို့နယ်တာဝန်ခံ ဦးအေးကျော်က ပေးအပ်ခဲ့ပြီး မြို့နယ်ဆရာဝန်ကြီးကိုယ်စား ဒေါက်တာစိုးလင်းမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ရဲလင်းထွန်း ( ပြန်/ဆက်)


