နေပြည်တော်  အောက်တိုဘာ  ၇

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနှင့်   မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့  ပူးပေါင်းကျင်းပသော       မြန်မာ့ဆန်စပါး ညီလာခံ - ၂၀၂၂    ဒုတိယနေ့အဖြစ် ယနေ့တွင်  နေပြည်တော်  မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း (ဗဟိုဌာန-၂)  ၌     ကျင်းပရာ နိုင်ငံတော်          စီမံအုပ်ချုပ်ရေးကောင်စီဝင်   မန်းငြိမ်းမောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီးပွားရေးဝန်ကြီးများ၊ ဆန်စပါးကဏ္ဍမှ ပညာရှင်များနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

ဆန်စပါးညီလာခံ၏ ဆွေးနွေး ပွဲများတွင်   ဆန်စပါး   စိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်းပြီး စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာနမှ ဆန်စပါးစိုက်ပျိုးရေးနှင့်   မျိုးစေ့ ထုတ်လုပ်မှုနှင့်    ပတ်သက်သည့် စာတမ်းများကို   လည်းကောင်း၊ ဆန်စပါး  ဝယ်ယူ၊        သိုလှောင်၊ ကြိတ်ခွဲခြင်းနှင့်   တန်ဖိုးမြှင့်တင် ခြင်းလုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်ရေး စာတမ်းများကို လည်းကောင်း ဖတ်ကြားခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲ   အစီအစဉ်များတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ အသင်းအဖွဲ့များ၊  ကုမ္ပဏီများနှင့် လက်တွေ့စပါးစိုက်ပျိုးနေသည့် တောင်သူ လယ်သမားကိုယ်စားလှယ်များက  လက်ရှိဆောင်ရွက်နေမှု၊ ကြုံတွေ့နေရသည့် အခက်အခဲများနှင့်   ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှု  ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရမှ  ပံ့ပိုးကူညီပေးစေလိုသည့် အချက်များကို ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ဆန်စပါးကုန်သွယ် မှုနှင့်  ပို့ကုန်မြှင့်တင်ရေးအတွက် ခေတ်အဆက်ဆက် မြန်မာ့ ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက် မှုအခြေအနေများ၊  ဆန်စပါးကဏ္ဍ စဉ်ဆက်မပြတ်   ဖွံ့ဖြိုးတိုးတက် ရေးအတွက် အစိုးရ၏ အခန်းကဏ္ဍ များ၊   အမျိုးသားပို့ကုန်   မဟာ ဗျူဟာ       (National Export Strategy) နှင့်   ဆန်စပါး  ကဏ္ဍ ဆိုင်ရာ ပို့ကုန်မဟာဗျူဟာတို့နှင့် စပ်လျဉ်းပြီး  လက်တွေ့တာဝန်ယူ ဆောင်ရွက်နေသည့်     ဌာနများမှ အကြီးတန်းအရာရှိများက စာတမ်း များ   ဖတ်ကြားတင်ပြကြသည်။ အဆိုပါ စာတမ်းများနှင့် ဆက်စပ်ပြီး သုံးသပ်ဆွေးနွေးခြင်းနှင့် စကားဝိုင်း   ဆွေးနွေးခြင်းတို့ကိုပြုလုပ်ခဲ့ရာ အစိုးရဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့်  အသင်းအဖွဲ့ များမှ ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးကြပြီး  အကြံပြုချက်များ တင်ပြခဲ့ကြသည်။

 

“နိုင်ငံ့စီးပွား      မြှင့်တင်ဖို့၊ ဆန်စပါးဖြင့်ကြိုးပမ်းစို့”  ဟူသော ခေါင်းစဉ်ဖြင့်  အောက်တိုဘာ  ၆ ရက်မှ ၇ ရက်အထိ  ၂ ရက်ကြာ ကျင်းပခဲ့သည့်   မြန်မာ့ဆန်စပါး ညီလာခံ - ၂၀၂၂ သို့  သက်ဆိုင် သည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့်   ညီနောင် အသင်းအဖွဲ့များမှ     ကိုယ်စားလှယ်များနှင့် တောင်သူလယ်သမား  ကိုယ်စားလှယ်များ  စုစုပေါင်း ၄၀ဝ  ခန့် တက်ရောက်ခဲ့ကြသည်။

 

ညီလာခံကျင်းပသည့် ၂ ရက် အတွင်း ကဏ္ဍအလိုက်  ဆွေးနွေးမှု များမှ ပြည်နယ်/ တိုင်းဒေသကြီး များအလိုက် ဒေသနှင့်ကိုက်ညီပြီး ဈေးကွက်  ကြိုက်နှစ်သက်သည့် မျိုးကောင်း   မျိုးသန့်များကိုသာ ရွေးချယ်        စိုက်ပျိုးသွားရေး၊ တောင်သူများအတွက်   သက်သာ သောဈေးနှုန်းဖြင့် ဓာတ်မြေ သြဇာများ   ဝယ်ယူရရှိနိုင်ရေး၊   အရည် အသွေးပြည့်မီသော    ဆန်များ တင်ပို့နိုင်ရေးအတွက်      ဆန်စက်များ  အဆင့်မြှင့်တင်ရေး၊ ပြောင်းလဲနေသော  ပို့ကုန်ဈေးကွက်နှင့် ကိုက်ညီသည့် အမျိုးသား ပို့ကုန်မဟာဗျူဟာကို ပြန်လည်သုံးသပ်          အကောင် အထည်ဖော်သွားရေး၊    ပို့ကုန် တိုးမြှင့်ရေးအတွက်    ပြည်ပသို့ ကိုယ်စားလှယ်အဖွဲ့များစေလွှတ် ခြင်းကို       အစိုးရဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရေး   အစရှိ သည့်အချက်များ      အပါအဝင် အစိုးရနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းပြီး မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဆက်လက် အကောင်အထည်ဖော်သွားရမည့် သုံးသပ်ချက်များကို  ဖော်ထုတ်ရရှိခဲ့ပြီး မွန်းလွဲပိုင်းတွင်  ညီလာခံအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။            

သတင်းစဉ်