ရန်ကုန်၊  ၂၆  ဇန်နဝါရီ    

ရန်ကုန်(မြောက်ပိုင်းခရိုင်)၊ အင်းစိန်မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင် လာရောက် ထုတ်ယူသူ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဇန်နဝါရီ  ၂၆  ရက် နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီ အသင်းခွဲမှ တပ်ဖွဲ့ဝင်များက အင်းစိန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင် လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ဝင်ပေါက်တွင် ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ လက်ကို စနစ်တကျ ဆေးစေခြင်း၊ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ပေးခြင်းစသည့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)