နေပြည်တော် ဒီဇင်ဘာ

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက် ၁၀ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည့် မြန်မာ့စီးပွားရေးဘဏ်၏ ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့လည်းကောင်း၊ မွန်းလွဲ ၂ နာရီခွဲတွင် ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ကောက်ခံမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့လည်းကောင်း တက်ရောက်အမှာစကား ပြောကြားသည်။ 

 

မြန်မာ့စီးပွားရေးဘဏ်လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ငွေထုတ်ယူမှု၊ ငွေသားလိုအပ်ချက်၊ ငွေသယ်ယူမှု၊ ပင်စင်လစာထုတ်ပေးမှုနှင့် ATM စက်များတွင် ငွေထုတ်ယူမှု စသည့်လုပ်ငန်းများကို မြန်မာ့စီးပွားရေးဘဏ်နှင့် သက်ဆိုင်ရာဒေသဆိုင်ရာ အာဏာပိုင်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဘဏ်လုပ်ငန်း စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဝိုင်းဝန်းကြပ်မတ် ထိန်းသိမ်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း။

 

ဒေသအချို့၌ လုံခြုံရေးအခြေအနေကြောင့် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများ နှောင့်နှေးမှုများရှိနေသော်လည်း သက်ဆိုင်ရာ ဒေသဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဘဏ်ငွေသွင်း ငွေထုတ် ဆောင်ရွက်ရာတွင် မသမာမှုများမရှိစေရန် လိုအပ်ကြောင်း၊ ဘဏ်လုံခြုံရေးကိုလည်း အထူးသတိထား ဆောင်ရွက်ရန်မှာကြားလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဘဏ်လုပ်ငန်း ဆောင်ရွက်မှုများကို ဘဏ်လုပ်ငန်း စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ရန် အရေးကြီးကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ဘဏ်ဝန်ဆောင်မှုလုပ်ငန်း အခက်အခဲများကို ဘဏ်လုပ်ငန်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော မြန်မာ့စီးပွားရေးဘဏ်၊ ဦးဆောင် ညွှန်ကြားရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အထွေထွေမန်နေဂျာများနှင့် Online ဖြင့်တက်ရောက်သည့် မြန်မာ့စီးပွားရေးဘဏ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်မန်ဂျာများက တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ပေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အခွန်ကောက်ခံမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး မြန်မာနိုင်ငံ၏ အခွန်ရငွေနှင့် GDP အချိုးသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းနေသေးသည်ကို တွေ့ရှိရကြောင်း၊ အခွန်စနစ် ပြုပြင်ပြောင်းလဲ ရေး လုပ်ငန်းများကို  ဆယ်စုနှစ်အတွင်း IMF အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများမှ နည်းပညာ အကူအညီများ ရယူဆောင်ရွက်ခဲ့ရာ အခွန်ထမ်းကိုယ်တိုင် စည်းကြပ်သည့် အခွန်စနစ်သို့ တိုးတက်ရောက်ရှိလာကြောင်း။

 

 တန်ဖိုးဖြည့်အခွန်စနစ် (Value Added Tax - VAT) ဖြင့် အခွန် တိုးမြှင့်ကောက်ခံ ရရှိနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အခွန်အခြေ (tax base) တိုးချဲ့ဖော်ထုတ်ရေးနှင့် လွယ်ကူစွာ အခွန်ပေးဆောင်နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ပြီး အခွန်ရှောင်တိမ်းမှုများနှင့် မသမာမှုများကို ဖော်ထုတ် အရေးယူသွားကြရန်လိုကြောင်း၊ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများအတွက် ရသင့်ရထိုက်သည့် အခွန်ငွေများ ပြည့်ပြည့်ဝဝ ကောက်ခံရရှိအောင် တီထွင်ကြံဆ ဆောင်ရွက်ကောက်ခံကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အခွန်ကောက်ခံမှုအပိုင်းတွင် အားနည်းချက်များကို စနစ်တကျ ကွပ်ကဲကြပ်မတ် ဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ Online မှ ရောင်းဝယ်ခြင်း Account Transfer ဖြင့် ငွေလွှဲပြောင်းပေးချေမှုများ တိုးတက်လာမှုကို အခွင့်ကောင်းယူ၍ အခွန်ကောက်ခံ ရရှိနိုင်မှုနည်းလမ်းများကို ကြံဆဖော်ထုတ်ကြရန် တိုက်တွန်းလိုကြောင်း၊ အခွန်ကင်းလွတ်ခွင့် ပြုရေးတင်ပြခြင်းကို စနစ်တကျစိစစ် သုံးသပ်တင်ပြကြရန် လိုကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက နိုင်ငံတော်ရငွေရရှိရေးကို အလေးထား ဆောင်ရွက်သွားရန် ပြောကြားသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊  Online ဖြင့်တက်ရောက်သည့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးများနှင့်  တိုင်းဒေသကြီးနှင့် ပြည်နယ် အခွန်ဦးစီးဌာနမှူးများက တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်ချက်များကို တင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားပြီး လိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်