နေပြည်တော် ၁၇ ဇွန်
မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့် လိုက်လျောညီထွေဖြစ်စေမည့် မြန်မာ့ ကျောက်မျက်ရတနာ နည်းဥပဒေများ ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းက မြန်မာ့ကျောက်မျက်ရတနာ နည်းဥပဒေများ၏ နောက်ခံ အခြေ အနေနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း တင်ပြခဲ့ သည်။
ထို့နောက် မြန်မာ့ကျောက်မျက်ရတနာ နည်းဥပဒေများ ရေးဆွဲထုတ်ပြန်နိုင်ရေး အတွက် ကဏ္ဍအလိုက် စားပွဲဝိုင်းဆွေးနွေးပွဲများ ကျင်းပကာ ဌာန၊ကော်မတီ၊အဖွဲ့ အသီးသီး၏ သဘောထားအမြင်များ၊ ရလဒ်ကောက်နုတ်ချက်များကို စုစည်းခဲ့ကြသည်။
(သတင်းစဉ်)