မကွေး ၆ မေ
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး(အောက်ထပ်)အစည်းအဝေးခန်းမ၌ မေ ၅ ရက် နံနက် ၉ နာရီက (ကိုဗစ်-၁၉) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး တိုင်းဒေသကြီးအဆင့် ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌထံ မြန်မာကိုင်ဒို ကုမ္ပဏီလိမီတက်မှ ဆန်၊ ဆီနှင့် ရောဂါကာကွယ်ရေး အသုံးအဆောင် ပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး တိုင်းဒေသကြီးအဆင့် ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက လှူဒါန်းရရှိခဲ့မှုများနှင့်စပ်လျဉ်း၍ တိုင်းဒေသ ကြီးအတွင်း စီမံဆောင်ရွက်ထားရှိမှုများကို ပြောကြားကာ အလှူရှင် မြန်မာကိုင်ဒို ကုမ္ပဏီမှ CEO ဦးအောင်ကျော်ဦးက လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါလှူဒါန်းမှုတွင် မြန်မာကိုင်ဒို ကုမ္ပဏီ ဦးအေးကို၊ဒေါ်နုနုခင် သားသမီးမြေးတစ်စု ရန်ကုန်မှ ကျပ်သိန်း(၉၇၂)တန်ဖိုးရှိ ဆန်အိတ်(၃၀ဝ၀) ပဲဆီ တစ်လီတာဘူး(၉၀) ဘူး၊အောက်ဆီဂျင်စက်(၆)လုံး၊ Mask (၃၀ဝ၀)၊လက်အိတ်(၇၀ဝ၀)၊N95 Mask (၃၀ဝ)၊သာမိုမီတာ(၁၀)ခုနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့သို့ ကျပ်သိန်း(၇၃ ဒသမ ၁)တန်ဖိုးရှိ ဆန်အိတ်(၂၀ဝ)၊ပဲဆီ တစ်လီတာဘူး(၅၀ဝ) တို့ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းကာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး(ကိုဗစ်-၁၉) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး တိုင်းဒေသကြီးအဆင့် ကြီးကြပ်မှု ကော်မတီ ဥက္ကဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ကာလဒါန လာရောက် လှူဒါန်းကြသူအားလုံးကို အထူးကျေးဇူတင်ရှိကြောင်း ကျေးဇူတင်စကားပြောကြားခဲ့သည်။
အလှူရှင် မြန်မာကိုင်ဒို ကုမ္ပဏီမှ လှူဒါန်းသည့် ဆန်အိတ်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ ကိုဗစ်-၁၉ကာကွယ်တားဆီးရေးကော်မတီ၊ မကွေးမြို့ တပ်မ(၈၈)၊ မကွေးမြို့နယ် သီလရှင်စာသင်တိုက်၊ဝါဂွမ်းကျေးရွာဘုန်းတော်ကြီးကျောင်း၊ ညောင်ပင်ရွာနှင့် ကုန်ကြီးရွာ တို့အား ဖြန့်ဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)


