နိုဝင်ဘာ ၁၈
အာရှဘောလုံးအဖွဲ့ချုပ်သည် ဒေသတွင်း အမျိုးသမီးဘောလုံးအဆင့်အတန်းဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြိုင်ပွဲတစ်ခုကျင်းပရန် စီစဉ်လျက်ရှိပြီး အာရှချန်ပီယံလိဂ် အမျိုးသမီးပြိုင်ပွဲ ပြုလုပ်သွားမည်ဖြစ်သည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် အမျိုးသားကလပ်များကဲ့သလို့ အမျိုးသမီးဘောလုံးကလပ်များအတွက် အာရှဒေသတွင်း အဆင့်မြင့်ဆုံး ကလပ်ပြိုင်ပွဲတစ်ခုကျင်းပရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် စတင်ကျင်းပသွားမည်ဖြစ်သည်။ အာရှဒေသတွင်းမှ အမျိုးသမီးဘောလုံးအသင်းများ ဖွဲ့စည်းထားသည့် နိုင်ငံများမှ ကလပ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်ထားပြီး ယင်းပြိုင်ပွဲကျင်းပနိုင်ရန်အတွက် ပြီးခဲ့သည့်နှစ်အနည်းငယ်ကတည်းက စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။ မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် အာရှအဆင့်သတ်မှတ်ချက်အရ ထိပ်ဆုံး ၁၀ သင်းစာရင်းဝင်သောကြောင့် ယင်းပြိုင်ပွဲကျင်းပဖြစ်ပါက တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရဖွယ်ရှိနေသည်။ မြန်မာအမျိုးသမီးကလပ်များအနြေဖင့် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရခြင်းမရှိသေးဘဲ အာရှချန်ပီယံလိဂ် အမျိုးသမီးပြိုင်ပွဲကျင်းပဖြစ်ပါက မြန်မာအမျိုးသမီးဘောလုံး အဆင့်အတန်းတိုးတက်ရေးကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတိုက်စစ်မှူးြဖစ်သူ ဝင်းသိဂီထွန်းသည် အိန္ဒိယကလပ် ဂိုကူလမ်အသင်းတွင် ကာလတိုစာချုပ်ဖြင့် သွားရောက်ကစားခဲ့ရာ မြန်မာအမျိုးသမီးဘောလုံးသမားများအတွက် ပြည်ပထွက်ကစားနိုင်မည့် အခွင့်အရေးပေါ်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ အမျိုးသမီးလိဂ်ပြိုင်ပွဲကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် စတင်ကျင်းပခဲ့ပြီး ၂၀၁၈-၂၀၁၉ ရာသီအပြီးတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဆက်လက်ကျင်းပနိုင်ခြင်းမရှိဘဲ ယခုနှစ်အထိ ရပ်နားထားရသည်။
သတင်း-ရဲရင့်လွင်