နေပြည်တော် ၂ ဇန်နဝါရီ

 

ပြည်တွင်းကျောက်မျက်ရတနာကုန်သည်များ ပြည်တွင်း၌ လွတ်လပ်စွာ ရောင်းဝယ်နိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွက်လာစေရန်အတွက် မြန်မာကျပ်ငွေဖြင့် ရောင်းချသော ကျောက်မျက်ရတနာပြပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ စတင်ကျင်းပသည်။

 

3

 

ယခုပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၃၆၉၅ တွဲကို ပြည်တွင်းကျောက်မျက်ကုမ္ပဏီများက တင်ပြ ရောင်းချထားပြီး တစ်နေ့လျှင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ကျောက်စိမ်းအတွဲ ၁၂၅၀ တွဲအား ပြည်တွင်း ကုန်သည်များက ဝယ်ယူကြမည်ဖြစ်ကြောင်း သိရသည်။ ကျောက်စိမ်းအတွဲများသည် ကြမ်းခင်းဈေး ကျပ် ၁၀ သိန်းမှ ကျပ် သိန်း ၃၅၀ဝ အထိရှိကြောင်း သိရသည်။

 

2

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဦးဆောင်မူဖြင့် ပြပွဲကို ဇန်နဝါရီ ၂ ရက်မှ ၇ ရက်အထိ ကျင်းပမည်ဖြစ်ရာ ပြပွဲပထမနေ့၌ ပြည်တွင်းကုန်သည်များနှင့် စည်ကားနေကြောင်း သိရသည်။

 

1

 

ခွန်(ဝင်းပ)