မြန်မာ(လားရှိုး)-တရုတ် (လင်ချန်း) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ကုန်စည်ပြပွဲ ကျင်းပ မည်

နေပြည်တော်  ၁၅   နိုဝင်ဘာ

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် တရုတ်လင်ချန်းအစိုးရတို့ ပူးပေါင်း၍မြန်မာ (လားရှိုး)-တရုတ် (လင်ချန်း) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကုန်စည်ပြပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာ လေ့ကျင့်ရေး အားကစားရုံ၌  နိုဝင်ဘာ ၂၁ ရက်မှ  ၂၄ ရက်အထိ ကျင်းပမည်ဖြစ်သည်။

 

 

အဆိုပါ ပြပွဲကို လားရှိုးမြို့နှင့်လင်ချန်းမြို့တို့အကြား ကုန်သွယ်မှု နှင့်ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းများ ပိုမိုတိုးတက်လာစေရေး ကုန်သည်လုပ်ငန်းရှင်များ ရင်းနှီးချစ်ကြည်မှု ပိုမို ရရှိစေရေး၊ ကုန်စည်ပြပွဲများ အလှည့်ကျ ကျင်းပခြင်းဖြင့်ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ဖွံ့ဖြိုးလာ စေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်သည်။

 

 

ပြပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ နေပြည်တော် ဖုန်း ဝ၆၇-၄၃၀၄၄၆/၄၃၀၄၄၇၊ဖက်(စ်) ဝ၆၇-၄၃၀၁၂၈၊ Email:moctradefair@ gmail. com၊ မြန်မာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန(ရန်ကုန်)၊ ဝ၁-၃၈၅၃၂၃၊ Email: mitcmyantrade @gmail.com  မြန်မာကုန်သွယ်မှု ဗဟိုဌာန(ရန်ကုန်) ဖုန်း၊ ဝ၁-၂၅၄၀၂၄၊ Email:itpic.moc@ gmail.com၊ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

 

 (သတင်းစဉ်)