မြန်မာ့လက်ဖက်ခြောက်များကို နယ်စပ်စခန်းများမှ ပြည်ပသို့ တင်ပို့လျက်ရှိ

mdn

နေပြည်တော် နိုဝင်ဘာ ၄

 

ပြည်တွင်းစားသောက်ကုန်တွေထဲက  မြန်မာလူမျိုးတွေအကြိုက်အစားအစာတွေထဲမှာ လက်ဖက်ဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ လက်ဖက်ကို ပြည်တွင်းမှာသာ အစို၊ အခြောက် ပုံစံအမျိုးမျိုး ပြုလုပ်စားသောက်ရုံ တင်မကဘဲ ပြည်ပကိုလည်း မြန်မာ့ လက်ဖက်စိုနဲ့ လက်ဖက်ခြောက်ကို တင်ပို့လျက်ရှိပါတယ်။

 

အဲလိုတင်ပို့လျက်ရှိရာမှာ  အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်အထိ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်  ကုန်သွယ်ရေးဇုန်မှ လက်ဖက်ခြောက် ၂၆ တန်ကိုလည်းကောင်း၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ လက်ဖက်ခြောက် ၆ တန်ခွဲကိုလည်းကောင်း တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပြီး မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေးစခန်းမှ လက်ဖက်ခြောက် တန် ၃၀ ကျော်ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့နိုင်ခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။


MDN