ရန်ကုန် ဧပြီ ၄
၂၀၂၂ အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း အပြီးသတ်ကစားသမား ၁၄ ဦးကို ဧပြီ ၃ ရက်က ရွေးချယ်လိုက်ပြီ ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းတွင် အဖွဲ့ခေါင်းဆောင် ဒေါက်တာ ရဲမွန်ထွဋ်၊ အသင်းမန်နေဂျာ ဦးရဲဝင်းထွန်း၊ နည်းပြချုပ် ဘန်လက်ချာယိုဝန် (ထိုင်း)၊ လက်ထောက်နည်းပြများ ဦးဌေးမြင့်၊ ဦးကျော်ဇင်ညွှန့်၊ ဂိုးနည်းပြ ဦးထွန်းထွန်းလတ်၊ ကြံ့ခိုင်ရေးနည်းပြ တာဝမ် (ထိုင်း)၊ ဂိုးသမားများ ကျော်ထက်အောင် (MIU FC)၊ ဇွဲပြည့်စုံ (VUC FC)၊ ကစားသမားများ ဟိန်းမင်းစိုး (MIU FC)၊ မျိုးမြင့်စိုး (VUC FC)၊ ကိုကိုလွင် (MIU FC)၊ ဝေဇင်ဦး (VUC FC)၊ မျိုးသက်အောင် (MIU FC)၊ ငြိမ်းမင်းစိုး (VUC FC)၊ ချမ်းသာ (VUC FC)၊ သိုင်းဘွဲ့အောင် (M2KFC)၊ ခင်ဇော်လင်း (MIU FC)၊ နိုင်လင်းထွန်းကျော် (VUC FC)၊ လှိုင်မင်းထွန်း (MIU FC)၊ အောင်ဇင်ဦး (UC FC)တို့ ပါဝင်ကြသည်။ မြန်မာအသင်းနည်းပြချုပ် ဘန်လက်ချာယိုဝန်သည် အပြီးသတ်လူစာရင်းကို ဧပြီ ၃ ရက်မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပဏာမကစား သမား ၂ ဦးမှ ရှစ်ဦး လျှော့ချခဲ့ရသည်။
မြန်မာအသင်းသည် ဗီယက်နမ်၊ သြစတြေးလျ၊ တီမောတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုပွဲ များအဖြစ် ဧပြီ ၄ ရက်တွင် ဗီယက်နမ်၊ ဧပြီ ၅ ရက်တွင် ဩစတြေးလျ၊ ဧပြီ ၆ ရက်တွင် တီမောတို့နှင့် ကစားရမည်ဖြစ်သည်။
ရဲရင့်လွင်