mdn

၁၉ အောက်တိုဘာ

 

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ၂၀၁၉ အာဆီယံ ဖူဆယ်ပြိုင်ပွဲယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမား ၁၆ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။

 

မြန်မာဖူဆယ်အသင်းသည် ပြိုင်ပွဲကျင်းပမည့် ဗီယက်နမ်နိုင်ငံသို့ ကြိုတင်သွားရောက်ကာ ခြေစမ်းပွဲများ ကစားခဲ့ပြီး အောက်တိုဘာ ၁၉ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မြန်မာဖူဆယ်အသင်းသည် အောက်တိုဘာ ၁၅ ရက်တွင် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့သို့ ကြိုတင်သွားရောက်ခဲ့ပြီး ခြေစမ်းပွဲနှစ်ပွဲကစားခဲ့ရာ ပထမပွဲတွင် ဗီယက်နမ်ကလပ် ကာရိုဘန်းအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယပွဲတွင် ဗီယက်နမ်ကလပ် ဆိုင်ဂုံအသင်းကို လေးဂိုး-တစ်ဂိုးဖြင့် ပြန်လည်အနိုင်ရခဲ့သည်။

 

ပြိုင်ပွဲဝင်မည့် မြန်မာဖူဆယ်အသင်းတွင် အုပ်ချုပ်သူ-ဦးကြည်မင်းသိန်း၊ နည်းပြချုပ်- ဦးဌေးမြင့်၊ အတွင်းရေးမှူး- ဦးအောင်မော်သိန်း၊ လက်ထောက်နည်းပြ-ဦးကျော်ဇင်ညွန့်၊ ဂိုးနည်းပြ- ဦးထွန်းထွန်းလတ်၊ ဂိုး- ကျော်ထက်အောင်၊ ဇွဲပြည့်စုံ၊ ကစားသမား- ခင်ဇော်လင်း၊ ကိုကိုလွင်၊ ကျော်စိုးမိုး၊ နိုင်ရဲကျော်၊ လှိုင်မင်းထွန်း၊ ပြည့်ဖြိုးမောင်-၂၊ ပြည့်ဖြိုးမောင်-၃၊ ကျော်ကျော်ထွန်း၊ မျိုးမြင့်စိုး၊ ငြိမ်းမင်းစိုး၊ အောင်ဇင်ဦး၊ နိုင်လင်းထွန်းကျော်၊ ဝေဇင်ဦး၊ ကောင်းချစ်သူတို့ ပါဝင်ကြသည်။

 

၂၀၁၉ အာဆီယံဖူဆယ်ပြိုင်ပွဲကို အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (က) တွင် ထိုင်း၊ ကမ္ဘောဒီးယား၊ တီမောအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။

 

သတင်း-ရဲရင့်ရှိုင်း