ပခုက္ကူ စက်တင်ဘာ ၂၁ 

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းက မိုးသီးနှံစိုက်တောင်သူများအား ၂၀၂၁ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပခုက္ကူခရိုင်ဘဏ်ခွဲမှ ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ စက်တင်ဘာ၂၁ရက်နေ့ထိ ကျေးရွာအုပ်စု(၁၄)အုပ်စု၊ တောင်သူဦးရေ(၈၆၁)ဦး၏ မိုးစပါး စိုက်ဧက(၅၄၁)နှင့် အခြားသီးနှံစိုက်ဧက (၅၆၅၉)တို့အတွက်‌ ထုတ်ချေးငွေကျပ်(၆၄၇)သန်းကျော် ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။

 

၂၀၂၀ပြည့်နှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်‌ ဘဏ်ချေးငွေပြေကျေသည့် တောင်သူများအား ၂၀၂၁ခုနှစ်၊ မိုးစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၁ရက်နေ့အထိ မိုးစပါး တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှင့် အခြားသီးနှံတစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းတို့ဖြင့် ကျေးရွာအုပ်စု(၁၄)အုပ်စု၊ တောင်သူဦးရေ (၈၆၁)ဦး၏ မိုးစပါး စိုက်ဧက (၅၄၁)နှင့် အခြားသီးနှံစိုက်ဧက (၅၆၅၉)တို့အတွက်‌ ဘဏ်ချေးငွေ စုစုပေါင်း(၆၄၇၀၅၀၀၀၀)ကျပ် ထုတ်ချေးပေးပြီးဖြစ်ကြောင်း၊ ချေးငွေအတိုးနှုန်းမှာ ငွေကျပ် ၁၀၀ အတွက် တစ်နှစ်လျှင် ငါးရာခိုင်နှုန်းသာဖြစ်ကြောင်း၊  ပခုက္ကူမြို့နယ်တွင် ၂၀၂၁ ခုနှစ်အတွင်း မိုးစပါး(၈၆၀)ဧကနှင့် အခြားသီးနှံ(၁၂၇၅၇)ဧက စိုက်ပျိုးရန်လျာထားကာ တောင်သူများအတွက် ရာသီစိုက်ပျိုး စရိတ်ဘဏ်ချေးငွေ ကျပ် (၁၄၀၄၇၀၀၀၀၀) ကိုလည်း သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ထုတ်ချေးသွားမည်ဖြစ်ကြောင်း  မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ ပခုက္ကူခရိုင်ဘဏ်ခွဲမန်နေဂျာ ဒေါ်သီတာထွန်းက ပြောသည်။

 

ဆလိုင်းကိုကီး(ပြန်/ဆက်)