နေပြည်တော် ၁၆ ဇန်နဝါရီ

 

နေပြည်တော် - ရန်ကုန် ခရီးစဉ် ပြေးဆွဲလျက်ရှိသော အမှတ်(၈)အစုန် အမြန်ရထားအား နေပြည်တော်မှ ည ၇ နာရီ ၁၅ မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်သို့ နောက်တစ်နေ့ နံနက် ၇ နာရီအရောက် အချိန်စာရင်းဖြင့် ဇန်နဝါရီ ၂၄ ရက်မှစတင်၍ ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်သည်။

 

ထိုသို့ အချိန်ပြောင်းလဲပြေးဆွဲပေးခြင်းသည် အပတ်စဉ်သောကြာနေ့၌ နေပြည်တော်မှ ည ၉ နာရီတွင် ထွက်ခွာပြီး ရန်ကုန်သို့ နောက်တစ်နေ့ နံနက် ၉ နာရီအရောက် ပြေးဆွဲပေးလျက်ရှိရာ နေပြည်တော်ရှိ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ၊ ခရီးသွားပြည်သူများ၊ ခရီးဆုံးဘူတာဖြစ်သော ရန်ကုန်ဘူတာသို့ ယခုထက် အချိန်ပိုမိုစောလျင်စွာ ရောက်ရှိနိုင်ရေးအတွက် ရထားချိန်ကို ပြောင်းလဲပြေးဆွဲပေးခြင်း ဖြစ်သည်။     

 

ထို့ပြင် ရန်ကုန် - နေပြည်တော် ခရီးစဉ်ပြေးဆွဲနေသော အမှတ်(၇)အဆန် အမြန်ရထားသည် လက်ရှိအချိန်စာရင်းအတိုင်း အပတ်စဉ်တနင်္ဂနွေနေ့တွင် ရန်ကုန်မှ ည ၇ နာရီတွင် ထွက်ခွာ၍ နေပြည်တော်သို့ နောက်တစ်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရှိရသည်။

 

သန့်ဇော်