နေပြည်တော် မတ် ၁၂

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်နေ အောင်မြတ်သူ()အောင်အောင် () ကတုံး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ငပုတောမြို့နယ်နေ ဒေါ်သန်းသန်းအေးနှင့် ဟိုင်းကြီးကျွန်းမြို့နယ်နေ ဒေါ်မအေးတို့က ငပုတောမြို့နယ်နေ --- ၁၆/၂၀၂၃ နှစ်၊ နေပြည်တော်နေ --- ၁၉/၂၀၂၃ နှစ်နှင့် ဟိုင်းကြီးကျွန်း မြို့နယ်နေ --- ၂၀/၂၀၂၃ နှစ်တို့ကို ကျိုင်းတုံမြို့တွင် အလုပ်ရရှိမည်၊ မြန်မာ ငွေကျပ်သိန်း (၃၀) ရမည်ဟု စည်းရုံးပြောဆိုပြီး တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန်စီစဉ်ခဲ့သဖြင့် ကျိုင်းတုံမြို့မရဲစခန်း() ၁၈၀/၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ-၃၅/၄၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ကျိုင်းတုံခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မတ် ၁၁ ရက်နေ့တွင် တရားခံ အောင်မြတ်သူ()အောင်အောင်() ကတုံး၊ သန်းသန်းအေးနှင့် မအေးတို့()ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရလည်းကောင်း အလုပ်နှင့်ထောင်ဒဏ် (၁၅)နှစ်စီ အသီးသီးကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)