နေပြည်တော် ၂၆ ဩဂုတ်
မြန်မာမိန်းကလေးတစ်ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေအရ အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ချဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ သမန်းချောင်းကျေးရွာနေ ဒေါ်ဌေးဝင်း (ခ) မခင်ဌေးဝင်းသည် ကန်ကြီးထောင့်မြို့နယ်၊ ရှမ်းစုကျေးရွာနေ မ----- (၁၉)နှစ်အား ရန်ကုန်မြို့ရှိ စက်ရုံတွင် အလုပ်လုပ်ပါက တစ်လလျှင် ကျပ်(၁)သိန်းကျပ်ဖြင့် အလုပ်ရမည်ဟု လိမ်လည်ပြောဆိုပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့မှုအတွက် ကန်ကြီးထောင့်မြို့နယ်၊ ကျိုက်လတ်နယ်မြေ ရဲစခန်း (ပ)၁၁၄/၂၀၁၈၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ပုသိမ်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ သြဂုတ် ၂၁ ရက်တွင် တရားခံ ဒေါ်ဌေးဝင်း (ခ) မခင်ဌေးဝင်းအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်