နေပြည်တော် ၂ အောက်တိုဘာ
မြန်မာ မိန်းကလေားတစ်ဦးကိူ တရုတ်နိုင်ငံသို့ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူများအား မူဆယ်ခရိုင် တရားရုံးက လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေအရ ထောင်ဒဏ် ၁၂ နှစ်စီချမှတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ ဒေါ်ဌေးဌေးမြင့်၊ မနှင်းရတီဝင်း(ခ)ရတီ၊ မမိုးမိုးနှင့် ကျော်သက်ခိုင်(ခ)စမိုင်း၊ ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နေ ဒေါ်နန်းမြစိန်(ခ) ဒေါ်မြစိန်တို့သည် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်နေ မ xxx၊ ၁၆ နှစ်အား ဘဝရပ်တည်ရန်ခက်ခဲမှုကို အခွင့်ကောင်းယူ၍ တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့မှုအတွက် မူဆယ်မြို့မရဲစခန်း (ပ)၉၁၄/၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈(က)/ ၃၂ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး မူဆယ်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ စက်တင်ဘာ ၃၀ ရက်တွင် တရားခံများအား လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/ ၃၂ အရ ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။
(ရဲပြန်ကြား)