ရန်ကုန် ၁၄ ဇူလိုင်

 

မြန်မာမွတ်စလင်(မ်) စီးပွားရေးလုပ်ငန်းရှင်များအသင်း(ယာယီ)၏ ဝါကျွတ်အိဒ် ပွဲတော် ဘာသာပေါင်းစုံညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ Strand Hotel၌ ကျင်းပသည်။

 

ရှေးဦးစွာ မြန်မာမွတ်စလင်(မ်)စီးပွားရေးလုပ်ငန်းရှင်များအသင်း (ယာယီ) နာယက အငြိမ်းစားသံအမတ်ကြီး ဒေါက်တာ လှမောင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က အမှာစကားပြောကြားသည်။

 

DSC_2

 

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီး၊ မလေးရှားသံအမတ်ကြီး၊ အမေရိကန် သံရုံးယာယီတာဝန်ခံနှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသောင်းထိုက် တို့က အမှာစကားပြောကြားကြသည်။

 

ယင်းနောက် မြန်မာမွတ်စလင်(မ်)စီးပွားရေးလုပ်ငန်းရှင်များအသင်း (ယာယီ) ဥက္ကဋ္ဌ ဦးသန်းလွင် က ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက် လာသူများအား ညစာဖြင့်တည့်ခင်းဧည့်ခံသည်။

 

မိတ်ဆုံစားပွဲကို မြန်မာမွတ်စလင်(မ်) စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့က ဘာသာ ပေါင်းစုံချစ်ကြည်ညီညွတ်ရေးကို တည်ဆောက်လိုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ရာ ယခုဆိုလျှင် နဝမအကြိမ်မြောက်ဖြစ်ကြောင်း၊ ယခုမိတ်ဆုံစားပွဲကျင်းပခြင်းသည် လက်ရှိမြန်မာနိုင်ငံတွင် တည်ဆောက်လျက်ရှိသည့်  ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးကို တစ်ဖက်တစ်လမ်းမှ  အထောက်အကူပြုနိုင်စေရန်အတွက် ဖြစ်ကြောင်း အငြိမ်းစား သံအမတ်ကြီးဒေါက်တာ လှမောင်က ပြောသည်။ 

 

(သတင်းစဉ်)

 

DSC_21