နေပြည်တော် ၂ စက်တင်ဘာ
အာဆီယံ၏ မတူကွဲပြားသော ယဉ်ကျေးမှု၊ အစားအစာနှင့် ဝတ်စား ဆင်ယင်ထုံးဖွဲ့ မှုများ ဖော်ထုတ်ပြသရန်၊ ပြည်သူများအကြား အာဆီယံဆိုင်ရာ အသိအမြင်ဗဟုသုတများ တိုးမြှင့်ရန်နှင့် အာဆီယံ၏ စည်းလုံးညီညွှတ်မှု ပိုမိုခိုင်မြဲစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ အာဆီယံ အမျိုးသမီးများ ချစ်ကြည်ရေးအသင်းက ကြီးမှူးသည့် ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ အင်းယားလိပ်ဟိုတယ်အတွင်းရှိ Yangon Convention Centre ၌ စက်တင်ဘာ ၁၄ ရက်မှ ၁၅ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ဈေးရောင်းပွဲတော်၌ အာဆီယံနိုင်ငံများ၏ ထွက်ကုန်နှင့်ရိုးရာအစားအစာများ၊ လက်မှုအနုပညာပစ္စည်းများနှင့် လက်ဝတ်ရတနာများ၊ ရိုးရာအဝတ်အထည်များနှင့် အသုံးအဆောင်ပစ္စည်းများကို ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ပြီး၊ မည်သူမဆို ဝင်ကြေးလက်မှတ်တစ်စောင်လျှင် ၁၀ဝ၀ကျပ်နှုန်းဖြင့် လေ့လာကြည့်ရှုနိုင်ကြောင်း သိရှိရသည်။
(သတင်းစဉ်)


