နေပြည်တော် ၇  အောက်တိုဘာ

 

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော်နှင့် အိန္ဒိယနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အကယ်ဒမီ၏ President Mr. Umar Siddiqui တို့သည် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် နှစ်ဖက်အဖွဲ့အစည်းအကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ (MoU) အား Online မှ တစ်ဆင့် လက်မှတ်ရေးထိုး ခဲ့ကြသည်။

 

11

 

နားလည်မှုစာချွန်လွှာပါသတ်မှတ်ချက်များအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးနှင့် အိန္ဒိယနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အကယ်ဒမီတို့အကြား သတင်းအချက်အလက်များ၊ အတွေ့အကြုံများနှင့်  နည်းပညာများဖလှယ်ခြင်း၊ ကျွမ်းကျင်မှုသင်တန်းများစီစဉ်ခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ ညီလာခံများ ပူးပေါင်းကျင်းပခြင်း၊ ပူးတွဲသုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည့်အပြင် အပြန်အလှန်ဆက်ဆံမှု တိုးမြှင့်ခြင်းဖြင့် အများပြည်သူနှင့် ပုဂ္ဂလိကဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှု၊ ကျင့်ဝတ်ဆိုင်ရာစံနှုန်းများ လေးစားလိုက်နာမှု စသည်တို့ ပိုမိုတိုးတက် ကောင်းမွန်စေရန် ပူးပေါင်း ဆောင်ရွက်နိုင်မည် ဖြစ်သည်။

 

Crd-ACC Myanmar