နေပြည်တော် ၂၂ အောက်တိုဘာ

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကုလသမဂ္ဂမြို့ပြ အခြေချနေထိုင်မှုများ အစီအစဉ် (UN-Habitat) တို့ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံ အမျိုးသားအဆင့် မြို့ပြမူဝါဒမဟာဗျူဟာရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က မြန်မာနိုင်ငံတွင် အမျိုးသားမြို့ပြမူဝါဒ အစီအစဉ်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှစတင်ခဲ့ပြီး မူဝါဒဖော်ဆောင်ခြင်းအား အရေးပါသော နယ်ပယ်ဧရိယာ()ခုကို ဦးစားပေးထားပါကြောင်း၊ ယခင်ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲများမှ ရလာဒ်များကိုအခြေခံ၍ မူဝါဒဦးစားပေး ဧရိယာ()ခုကို မူဝါဒမူဘောင်တွင် ထပ်မံထည့်သွင်းထားပါကြောင်း။

ယင်းဦးစားပေးဧရိယာများသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(MSDP) မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒနှင့် မြန်မာနိုင်ငံအိမ်ရာနှင့် ပတ်သက်သည့် မူဝါဒတို့သည် ဦးစားပေးဧရိယာများ ဖြစ်ပါကြောင်း၊ ထို့ကြောင့် အမျိုးသားမြို့ပြမူဝါဒသည် နိုင်ငံ၏ မြို့ပြစီမံကိန်းရေးဆွဲခြင်းနှင့် စီမံခန့်ခွဲခြင်းတွင် အရေးပါသောမူဝါဒဆိုင်ရာ စာတမ်းတစ်စောင် ဖြစ်လာမည်ဖြစ်ပြီး နိုင်ငံအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်၍ အလုံးစုံပါဝင်သည့် အနာဂတ်မြို့ပြ ဖြစ်ထွန်းလာနိုင်စေရန်အတွက် လမ်းကြောင်းတစ်ရပ်ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် UN-Habitat Country Program Manager, Mr. Bijay Karmacharya က နှုတ်ခွန်းဆက်စကားပြောကြားပြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးမြင့်က မြန်မာနိုင်ငံ အမျိုးသားအဆင့် မြို့ပြမူဝါဒ မဟာဗျူဟာရေးဆွဲရေးဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသူများက မဟာဗျူဟာရေးဆွဲရာတွင် ပါဝင်သည့် ဦးစားပေးဧရိယာ ()ခုအပေါ် ဆွေးနွေးကြပြီး ဆွေးနွေးချက်ရလဒ်များကို ပြန်လည်ရှင်းလင်း တင်ပြကြရာ တာဝန်ရှိသူများက ထပ်မံထည့်သွင်းရေးဆွဲမည့် ဦးစားပေး ဧရိယာ ()ခုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။

ထို့နောက် UN-Habitat Country Program Manager Mr. Bijay Karmacharya က မြန်မာနိုင်ငံ အမျိုးသားအဆင့် မြို့ပြမူဝါဒ မဟာဗျူဟာရေးဆွဲရေး ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးဖြစ်ကြသည့် ဦးလှကျော်၊ ဒေါက်တာရဲမြင့်ဆွေ၊ ဒေါက်တာထွန်းနိုင်နှင့် ဦးစိုးအောင်၊ အမျိုးသားမြို့ပြကော်မတီ အဖွဲ့ဝင်များနှင့် ပညာရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါ မြန်မာနိုင်ငံ အမျိုးသားအဆင့် မြို့ပြမူဝါဒမဟာဗျူဟာရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၂၃ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။      

(သတင်းစဉ်)