နေပြည်တော် ဇူလိုင် ၁၈
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်စိုး၊ ဒေါက်တာသန်းမြင့် နှင့် ဦးတင်အောင် တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ်ရှိ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာနအတွင်း လက်ခံစောင့်ရှောက်သင်ကြားပေးလျက်ရှိသော အမျိုးသမီးများ၏ ကျန်းမာရေး စောင့်ရှောက်မှု၊ အစားအစာကျွေးမွေးမှု၊ အိပ်ဆောင်များထားရှိမှု၊ အမျိုးသမီးတကိုယ်ရည်သုံး ပစ္စည်းများ လုံလောက်စွာရရှိမှု ၊ သန့်ရှင်းသော သောက်သုံးရေရရှိအောင် ဆောင်ရွက်ပေးမှု၊ ချိုးရေကန်များ သန့်ရှင်းမှုနှင့် ရေလုံလောက်မှု ရှိ မရှိ၊ အကျင့်စာရိတ္တပြုပြင်ပေးခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်လာစေရေး၊ လူမှုဘဝရပ်တည်နိုင်စေရန် စိတ်ဓာတ်ခွန်အားများ ထည့်သွင်းပေါင်းစပ်၍ လေ့ကျင့်ပြုစုစောင့်ရှောက်ပေးခြင်းဖြင့် လူ့အသိုင်းအဝိုင်းအတွင်း တန်ဖိုးရှိ သော အမျိုးသမီးကလေးများအဖြစ် ရပ်တည်နေထိုင် သွားနိုင်စေရေးနှင့် ပညာသင်ကြားခွင့်၊ မိသားစုနှင့် ဆက်သွယ်ခွင့်၊ မိသားစုနှင့် ပြန်လည်ပေါင်းစည်းခွင့်၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်စသည့် အခြေခံလူ့အခွင့်အရေးများရရှိအောင် ဆောင်ရွက်ပေးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်