ရန်ကုန်  ၂၈  အောက်တိုဘာ

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် United Nation Development Programme – UNDP က Laptop Computer (၂၂) လုံးနှင့် Printer (၁၁) လုံးကို နိုဝင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တွင် ကော်မရှင်ရုံးသို့ လာရောက်လှူဒါန်းသည်။

 

အဆိုပါ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့် United Nation Development Programme – UNDP တို့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Strategic Plan 2020-2024 ၏ အစိတ်အပိုင်းအနေဖြင့် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်တို့က လက်ခံရယူ ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)