နေပြည်တော် ဇွန် ၃၀

 

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆)ကို ယနေ့နံနက်ပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ရုံးအမှတ်-၅၂ အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ စားသုံးသူကာကွယ် ရေးကော်မရှင်ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများအကြား ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပိုမိုကောင်းမွန်သည့် ထုတ်ကုန်များကို သတ်မှတ်ချက်များနှင့်အညီ ပိုမိုမြှင့်တင်ထုတ်လုပ်နိုင်ရန်နှင့် ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေး မှာကြားပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ် ရေးကော်မရှင် အတွင်းရေးမှူးကကော်မရှင်၏ လုပ်ငန်းဆောင်ရွက် မှုအခြေအနေ၊ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ကော်မရှင်က အဆုံးအဖြတ်ပေးရမည့် အမှာစာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ကော်မရှင်ဥက္ကဋ္ဌ၊ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်