ရန်ကုန် ဇန်နဝါရီ ၂၀
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (၃၁)ကြိမ်မြောက် နှစ်ပတ် လည်အသင်းသားစုံညီ အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်း ချုပ် (UMFCCI)ရှိ မင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦး စိုးသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာအောင်ကြီး၊ ကျန်းမာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ တိုင်းဒေသကြီး၀န်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းဥက္ကဌ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ၊ဒုတိယဥက္ကဌများနှင့် အလုပ်အမှုဆောင်များ၊ အသင်းသူ၊ အသင်းသားများ စုံညီစွာတက်ရောက်ကြသည်။
အခမ်းအနားတွင် ၃၁ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေး ၏သဘာပတိ၊ အသင်းဥက္ကဋ္ဌ ဦးဆန်းလင်း က နှုတ်ခွန်းဆက်စကားပြောသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က နိုင်ငံတော်အနေနှင့် ပြည်ပပို့ကုန် များတိုးတက်တင်ပို့နိုင်ရန် အားပေးဆောင်ရွက်နေသကဲ့သို့ ပြည်ပမှတင်သွင်းရ သည့် ကုန်ပစ္စည်းအမျိုးမျိုးတွင် သွင်းကုန်အစားထိုး ဆောင်ရွက်နိုင်သည့် ကဏ္ဍများတွင် ပြည်တွင်းထုတ်လုပ်သည့် ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်အောင် အားပေးလျှက် ရှိပါကြောင်း၊ စားသုံးဆီသည် နှစ်စဉ်နိုင်ငံခြားငွေအများအပြား သုံးစွဲပြီးပြည်ပ မှတင် သွင်းနေရသည့် အတွက်ပြည်တွင်းမှသာ သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်မည့် ဆိုပါက နိုင်ငံခြားငွေများသုံးစွဲရမှု လည်းလျော့နည်းကျဆင်း လာမည်ဖြစ်ပြီး ပြည်သူများအတွက် သက်သာစွာ ဝယ်ယူသုံးစွဲ နိုင်မည်ဖြစ်ကြောင်း၊ အသင်း၏ရည်ရွယ် ချက်များကို အောင်မြင်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယ၀န်ကြီး ဒေါက်တာအောင်ကြီး က နိုင်ငံတော်အစိုးရက ဆီထွက်သီးနှံ စိုက်တောင်သူများအား နှစ်စဉ်ပံ့ပိုးပေးနေမှုအနေများကိုလည်းကောင်း၊ ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်း များအသင်းချုပ် ဥက္ကဌ ဦးအေးဝင်း က အသင်းအားဖွဲ့စည်းဆောင်ပေးခဲ့မှု အခြေအနေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် ၂၀၂၂ခုနှစ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ အစီရင်ခံစာနှင့် နှစ်ချုပ် စာရင်းစစ် အစီရင်ခံ စာကိုအသင်းအထွေထွေ အတွင်းရေးမှူး ဦးပိုင်ဖြိုးသန့် က ဖတ်ကြားရှင်းလင်းတင်ပြပြီး ပြင်ပစာရင်းစစ်၏ဘဏ္ဍာရေးရှင်း တမ်းအစီရင်ခံစာအား ငွေအဥ္စလီစာရင်းစစ်အဖွဲ့၏ စာရင်းစစ် မစုသော်သော်အောင် က ဖတ်ကြားတင်ပြသည်။
ဆက်လက်၍ ၂၀၂၂ခုနှစ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ အစီရင်ခံစာ၊ နှစ်ချုပ် စာရင်းစစ်အစီရင်ခံစာနှင့် ပြင်ပစာရင်းစစ်ငွေအဥ္စလီစာရင်းစစ်အဖွဲ့မှ ဖတ်ကြားတင်ပြခဲ့သည် ဘဏ္ဍာရေးရှင်းတမ်းအစီရင်ခံစာအား အတည်ပြုကြပြီး၂၀၂၀-၂၀၂၃ခုနှစ်အလုပ် အမှုဆောင်များ နှုတ်ထွက်ကြကာ၂၀၂၃-၂၀၂၆ခုနှစ်သက်တမ်းအတွက်ရွေး ချယ်ခံရသည့် အလုပ်အမှုဆောင်များ၏ အမည်စာရင်းကို ရွေးချယ်ရေးအဖွဲ့ဥက္ကဌ ဦးတင်ကိုကို က ဖတ်ကြားသည်။
ယင်းနောက်(၃၁)ကြိမ်မြောက် အသင်းသားစုံညီအစည်းအဝေး၏ သဘာပတိ၊ အသင်း ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြခဲ့ကြောင်း သိရှိရသည်။
ကိုကိုဇော်-(သတင်းစဉ်)