နေပြည်တော် နိုဝင်ဘာ ၃၀
မြန်မာနိုင်ငံ “စီးပွားရေးပညာ နှစ် (၁၀၀)” ရာပြည့် အလှူရှင်များ ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Aureum Palace Hotel, Lake View Hall ၌ကျင်းပသည်။ 
ဉီးစွာ အခမ်းအနားကျင်းပရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာကံဇော်က မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှစေတနာသဒ္ဒါတရားထက်သန်စွာဖြင့် လှူဒါန်းပေခဲ့ကြသည့် စီးပွားရေးတက္ကသိုလ်များမှ စီးပွားရေးဘွဲ့ရ လုပ်ငန်းရှင်များ၊ ကျောင်းသား / ကျောင်းသူဟောင်းများ၊ စီးပွားရေးအဖွဲ့ အစည်းများ၊ ငွေကြေးများလှူဒါန်းကြသကဲ့သို့ ဝန်ဆောင်မှုများ၊ နေရာထိုင်ခင်းများ စီစဉ်ပေးခဲ့သည့် ဟိုတယ်လုပ်ငန်းရှင်များနှင့် ဘဏ်လုပ်ငန်းရှင်များကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။ 
ထို့နောက် ပြည်ထောင်စုဝန်ကြီး က “စီးပွားရေးပညာ နှစ် (၁၀၀)” ရာပြည့် အခမ်းအနားအတွက် ငွေကျပ်သိန်း ၁၀၀ နှင့်အထက် အလှူရှင် ၇ ဦး ကိုလည်း‌ကောင်း၊ အခမ်းအနားကျင်းပရေး ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ‌ဒေါက်တာခင်နိုင်ဦးက ဆရာကြီး၊ ဆရာမကြီးများနှင့် ဧည့်သည်တော်များကို တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးတို့တွင် ကူညီပံ့ပိုးပေးခဲ့ကြသည့် အလှူရှင် ၉ ဦးကိုလည်းကောင်း၊ ဦးဆောင်ကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ငွေကျပ် သိန်း ၂၀ နှင့်အထက် အလှူရှင် ၆ ဦးကို လည်းကောင်း၊ ဦးဆောင်ကော်မတီ အဖွဲ့ဝင် ဒုတိယစာရင်းစစ်ချုပ် ‌ဒေါ်နိုင်သက်ဦးက ငွေကျပ် ၁၀ သိန်းနှင့်အထက် အလှူရှင် ၆ ဦးကို လည်းကောင်း၊ ဦးဆောင်ကော်မတီအဖွဲ့ဝင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်က ငွေကျပ် ၅ သိန်းနှင့်အထက် အလှူရှင် ၆ ဦးကို လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး အလှူရှင်များကိုယ်စား အလှူရှင်ဦးဇေယျသူရမွန် (Zeya & Associates Co.,Ltd) ကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်