မြန်မာနိုင်ငံ ဂျိုက်ကာပညာသင်ဟောင်းများအသင်း သင်းလုံးကျွတ် နှစ်ပတ်လည်အစည်းအဝေး နေပြည်တော်နှင့် ရန်ကုန်မြို့များ၌ကျင်းပမည်

နေပြည်တော် ၂၆ ဇန်နဝါရီ 


မြန်မာနိုင်ငံ ဂျိုက်ကာပညာသင်ဟောင်းများအသင်း၏ သင်းလုံးကျွတ် နှစ်ပတ်လည်အစည်းဝေးကို နေပြည်တော်နှင့် ရန်ကုန်မြို့များ၌ ဖေဖော်ဝါရီလအတွင်း ကျင်းပသွားမည်ဖြစ်၍ အသင်းဝင်ပြီးသူများ၊ အသင်းမဝင်ရသေးသူများနှင့် JDS အစီအစဉ်၏ ပညာသင်များအပါအဝင် ဂျိုက်ကာအစီအစဉ်ဖြင့် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သူများ တက်ရောက်နိုင်ကြောင်း သိရသည်။


ဂျိုက်ကာပညာသင်ဟောင်းများအသင်း၏ သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေးကို နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ဖေဖော်ဝါရီ ၃ ရက် နံနက် ၈ နာရီခွဲမှ မွန်းလွဲ ၁ နာရီခွဲအထိ၊ ရန်ကုန်မြို့ရှိ Pullman Yangon Centerpoint ၌ ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၈ နာရီခွဲမှ မွန်းလွဲ ၁ နာရီခွဲအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


မောင်မောင်မျိုး