သီပေါ ၂၄ ဇန်နဝါရီ
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရှမ်းပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီလမ်းညွှန်မှုဖြင့် ဇန်နဝါရီ ၂၃ ရက်တွင် သီပေါမြို့နယ် နောင်ကန်ကျေးရွာ ဘုန်းကြီးကျောင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု ၁၂၆ စု လူဦးရေစုစုပေါင်း ၃၀၅ ဦးအတွက် စားသုံးရန် ဆန် ၁၀ အိတ်ကို သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သိရသည်။
ထိုသို့ ထောက်ပံ့ရာမှာ ရှမ်းပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတိယပြည်နယ်တပ်ဖွဲ့မှူး ဦးသိန်းစိုးနိုင် (ယာယီ) ဦးဆောင်သော တပ်ဖွဲ့ဝင် ၃ ဦးနှင့် သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲမှ အမှုဆောင်များ၊တပ်ဖွဲ့ဝင်များ လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
MDN