မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဖာကန့်မြို့နယ် ဝှေခါကျင်းကမ်းပါးပြိုကျမှုတွင် ထိခိုက်ဒဏ်ရာ ရရှိသူများနှင့် သေဆုံးသူများအတွက် ထောက်ပံ့ငွေ (၂၁၉)သိန်းကျပ်ပေးအပ်
မြစ်ကြီးနား ၉ ဇူလိုင်
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိတ်မူကျေးရွာအုပ်စု ဝှေခါမော်၌ ဇူလိုင် (၂)ရက်နေ့ ကျင်းကမ်းပါးပြိုကျမှုတွင် ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများအတွက် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ ထောက်ပံ့ငွေကျပ် (၂၁၉) သိန်း ကို ယမန့်နေ့က ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများကို ဖားကန့်ဆေးရုံနှင့် ဝှေခါယာယီဆေးရုံများ၌ ဇူလိုင် (၃) ရက်နှင့် (၄)ရက်နေ့တွင် လည်းကောင်း၊ ဇူလိုင် (၇)ရက်နေ့တွင် မြစ်ကြီးနားပြည်သူဆေးရုံ၌ လည်းကောင်း အသီးသီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။အလားတူ ဇူလိုင် (၈)ရက်နေ့တွင်လည်း ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးဘရန်ဒီး၊ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးချစ်ဖေနှင့် တပ်ဖွဲ့ဝင်များ၊ ဖာကန့်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရုင်များကလည်း ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ကြသည်။
စိန်ဝင်း(ပြန်/ဆက်)


