နေပြည်တော် ဇူလိုင် ၃၁
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်း ကော်မတီ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဦးစီးဌာနများမှ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ကိုယ်စားလှယ်နှင့် တာဝန်ရှိသူ များ တက်ရောက်ကြပြီး ရန်ကုန်/မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ် စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီများမှ အတွင်းရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အမျိုးသားအဆင့် ဒုတိယ (၅) နှစ်စီမံချက် (၂၀၂၄-၂၀၂၈) ကာလအစဖြစ်သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် နေပြည် တော် ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကလေးလုပ်သားစစ်တမ်း ကောက်ယူရန် Pilot Project အဖြစ်ဆောင်ရွက်မည့် မြို့နယ်သတ်မှတ်ရွေးချယ်ထားရှိမှု၊ လုပ်ငန်းအချိန်ဇယား အတိုင်း စီစဉ်ဆောင်ရွက်မှု၊ ဘဏ္ဍာငွေလျာထားမှုနှင့် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် ဒုတိယ (၅) နှစ်စီမံချက် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီ(၁/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်များအား ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များက ကလေး လုပ်သား စစ်တမ်းကောက်ယူရေး လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြ သည်။
ယင်းနောက် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၏ ဆွေးနွေးတင်ပြမှုများ၊ အကြံပြုချက် များအပေါ် လုပ်ငန်းကော်မတီဥက္ကဋ္ဌက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်


