နေပြည်တော် ၂၁ ဇန်နဝါရီ
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြေညီထပ် အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေးတွင် ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က လူငယ်များနှင့် ကလေးသူငယ်များ၏ ဖွံဖြိုးတိုးတက်မှု အခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ပုံရိပ်ကို ဖန်းတီပေးရာတွင် အလွန်အရေးကြီးသည့်အတွက် လူငယ်များနှင့် ကလေးများသည် နိုင်ငံ၏ တန်ဖိုးမဖြတ်နိုင်သော အရင်းအမြစ်များဖြစ်ကြောင်း၊ ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် သတ်မှတ်ကာရေရှည် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဥပဒေပိုင်းဆိုင်ရာများအား နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ပြင်ဆင်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဥပဒေရေးရာ လုပ်ငန်းကော်မတီအနေဖြင့် ယင်း၏လုပ်ငန်းတာဝန်များကို လုပ်ငန်းစီမံချက်နှင့်အညီ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် ဥပဒေရေးရာ မူဘောင်များကို နိုင်ငံတကာ စံနှုန်းများနှင့် ညီညွတ်စေရန် သုံးသပ်ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများက လုပ်ငန်းအစီအစဉ်များအပေါ် ဝိုင်းဝန်းဆွေးနွေး အကြံပြုကြရန် ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်