နေပြည်တော် မတ် ၁၄ 

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်း ကော်မတီ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

အစည်းအဝေးသို့ စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဦးစီးဌာနများမှ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာ ယာရေးကော်မတီမှ ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရန်ကုန်/မန္တလေး မြို့ တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ် စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီများမှ အတွင်းရေးမှူးများက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
 
ဦးစွာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌက မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အမျိုးသားအဆင့် ပထမ (၅) နှစ်စီမံချက် (၂၀၁၉-၂၀၂၃) တွင် ဘဏ္ဍာရေးနှ စ်အလိုက် ကလေးလုပ်သားစစ်တမ်း ကောက်ယူပြီးစီးခဲ့မှုနှင့် တွေ့ရှိချက်များကို ဆွေးနွေး ပြောကြားပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းအချိန်ဇယားရေးဆွဲရာတွင် တိုင်းဒေသ ကြီး/ပြည်နယ်များအကြား ကွဲပြားမှုမဖြစ်ပေါ်စေရေး ညှိနှိုင်း ဆောင်ရွက်သွားရန်၊ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်အရ Pilot Project အဖြစ်ဆောင်ရွက်မည့် မြို့နယ်သတ်မှတ်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက်များနှင့် စစ်တမ်းအစီရင်ခံစာပါ သုံးသပ်အကြံပြုချက်များအပေါ် စောင့်ကြည့် လေ့လာသုံးသပ်သွားရန်နှင့် အခက်အခဲနှင့်လိုအပ်ချက်များကို အကြံပြု ဆွေးနွေးကြရန် ပြောကြားပါသည်။

ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် က မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ  ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်မှုအခြေအနေ၊ အမျိုးသားအဆင့် ဒုတိယ (၅) နှစ်စီမံချက် (၂၀၂၄-၂၀၂၈) ရေးဆွဲထားရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့်လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက စစ်တမ်း ကောက်ယူရေးလုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
 
ယင်းနောက် တက်ရောက်လာသည့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၏ ဆွေးနွေးတင်ပြ မှုများနှင့် အကြံပြုချက်များအပေါ် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်