ရန်ကုန်  မတ်

 

မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ လုပ်ငန်းဆွေးနွေးပွဲ သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းပွဲကို မတ် ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ ဝိုင်အမ်စီအေခန်းမ၌ ကျင်းပသည်။

 

ညှိနှိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ကင်းထောက် အကြီးအကဲ၏ လမ်းညွှန်ချက်များအရ အခြေခံပညာကျောင်းများတွင် ကင်းထောက်အဖွဲ့များ တိုးချဲ့ဖွင့်လှစ်နိုင်ရေး၊ ကင်းထောက် ငယ် (Cub Scout) ကင်းထောက်(Scout) ရိုဗာကင်းထောက် (Rover Scout)များ၊ အဆင့်ဆင့် အလိုက် သတ်မှတ်ထားသည့် လုပ်ငန်းတံဆိပ်၊ ကျွမ်းကျင်မှုတံဆိပ်၊ ထူးချွန်တံဆိပ်များ ပေးအပ်နိုင်ရေး အစီအစဉ်များနှင့် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့၏ အကူအညီဖြင့် ဖွင့်လှစ်ရန် စီစဉ်လျက်ရှိသော အခြေခံကင်းထောက်ခေါင်းဆောင် သင်တန်းများနှင့် ကင်းထောက် နည်းပြသင်တန်းအစီအစဉ်များကို ညှိနှိုင်းဆွေးနွေးကြကြောင်း မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့မှ သိရသည်။

 

MDN