ရန်ကုန် သြဂုတ် ၂၀
ကိုဗစ် - ၁၉ ရောဂါလူနာများအား အရေးပေါ်သယ်ယူပို့ဆောင်ရာတွင် အထောက်အကူပြုနိုင်ရန်အတွက် ဂျပန်နိုင်ငံအစိုးရက မြန်မာနိုင်ငံတစ်ဝန်းရှိ ကျန်းမာရေးစောင့်ရှောက်မှုဌာနများသို့ လူနာတင်ယာဉ်များ ပေးပို့လှူဒါန်းခဲ့သည်။
လူနာတင်ယာဉ် ပေးပို့လှူဒါန်းမည့် ဆေးရုံကြီးများမှာ ဝေဘာဂီအထူးကုဆေးရုံ(ကူးစက်)၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မြောက်ဥက္ကလာပ၊ မြစ်ကြီးနား၊ လွိုင်ကော်၊ မုံရွာ၊ ပဲခူး၊ ပြည်၊ မော်လမြိုင်၊ စစ်တွေ၊ လားရှိုး၊ ပုသိမ်မြိုများရှိ အထွေထွေရောဂါကုဆေးရုံကြီးများ ဖြစ်ကြောင်း သိရသည်။
လူနာတင်ယာဉ်များ ကုန်ကျငွေအတွက် ယမန်နှစ်က စတင်အကောင်အထည်ဖော်ခဲ့သည့် အမေရိကန်ဒေါ်လာ ၅ ဒသမ ၁၈ သန်းတန်ဖိုးရှိ ကျန်းမာရေးထောက်ပံမှုအစီအစဉ်မှ တစ်စိတ်တစ်ပိုင်း
ထုတ်ယူသုံးစွဲခဲ့ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံသည် ဆေးဘက်ဆိုင်ရာ ပစ္စည်းများဖြစ်သည့် Automated PCR testing machines (PCR အလိုအလျောက်စစ်ဆေးစက်များ)နှင့် PCR လက်ပ်တော့များ၊ PCR test kits (PCR စစ်ဆေးကိရိယာများ)နှင့် Molecular Biological Grade Ethanol များ၊ လျှပ်စစ်ဓာတ်အား ထောက်ပံရေးယူနစ်များနှင့် ICU အဆောက်အအုံများအတွက် မီးစက်များကို မြန်မာနိုင်ငံအတွက် ပေးအပ်ခဲ့ပြီး ဖြစ်သည်။
မျိုးမင်းသူရ


