ရန်ကုန် ၁၃ စက်တင်ဘာ


မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒ မိတ်ဆက်ရှင်းလင်းခြင်းနှင့် ခရိုင်အဆင့် လူငယ်ရေးရာကော်မတီ ဖွဲ့စည်းခြင်း အခမ်းအနားကို စက်တင်ဘာ ၁၃ ရက် နံနက် ၉ နာရီတွင် သန်လျင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှူး ဒေါ်နီနီရွှေက အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ပြည်ထောင်စုကိုယ်စားလှယ် ကိုထက်ပိုင်စိုးက လူငယ်ရေးရာ မူဝါဒများ ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများက ခရိုင်အဆင့် လူငယ်ကော်မတီဝင်များ၏ စံသတ်မှတ်ခြင်းကို အတည်ပြုပြီးနောက် ခရိုင်အဆင့် လူငယ်ရေးရာ ကော်မတီ ကိုဖွဲ့စည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ လူငယ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်းသိရသည်။


သန်းဝင်း(သန်လျင်)