mdn

မန္တလေး ၁  နိုဝင်ဘာ

 

မန္တလေးခရိုင် လူငယ်ရေးရာကော်မတီဝင် လူငယ်ကိုယ်စားလှယ်များ ရွေးချယ်တင်မြှောက်ခြင်းနှင့် မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒ ထပ်ဆင့်ရှင်းလင်းပွဲကို မန္တလေးမြို့၊ စိန်ပန်းအားကစားရုံ ခန်းမ၌ ယနေ့ နံနက်ပိုင်း က ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီ ဉက္ကဌ ဦးမျိုးသစ် က အဖွင့်အမှာစကား ပြောကြားပြီး မန္တလေးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မွန်လတ် က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

ထို့နောက် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ မှ ပြည်ထောင်စုကိုယ်စားလှယ် စူးရှရှင်းသန့် ကော်မတီ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်နှင့် မြန်မာနိုင်ငံလူငယ်ရေးရာ မူဝါဒများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက  သိရှိလိုသည်များ မေးမြန်းခဲ့ကြသည်။

 

ယင်းနောက် လူငယ်မူဝါဒကို အခြေတည်၍ မန္တလေးခရိုင်အတွင်း ဦးစားပေး အကောင်အထည်ဖော်မည့် အကြောင်းအရာများအား ဆွေးနွေးပြောကြားသည်။ ဆက်လက်ပြီး မွန်းလွဲပိုင်းတွင် လူငယ်ရေးရာ ကိုယ်စားလှယ်များရွေးချယ်ခြင်း ကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)