ရန်ကုန် ဖေဖော်ဝါရီ ၉
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို)၏ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၆) ကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ကျွန်းတောလမ်းရှိ အသင်းရုံးအစည်းအဝေးခန်းမ၌ ယနေ့တွင် ကျင်းပရာ အသင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ အသင်းဥက္ကဋ္ဌ ဦးစိုးဝင်း(ရဲချုပ်-ငြိမ်း)က MANA အသင်းကြီး၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် မူးယစ်ဆေးဝါးကင်းစင်ပြီး ကျန်းမာကြံ့ခိုင်သည့် မြန်မာ့လူ့ဘောင်အသိုက်အဝန်း တည်ဆောက်ရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များအတိုင်း တက်ညီ လက်ညီ ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ဇွန်လတွင် ကျင်းပမည့် နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေးကြီး ထမြောက်အောင်မြင်ရေးအတွက် စီမံချက်ရေးဆွဲပြီး ကျရာအခန်းကဏ္ဍအလိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မာနာ


