ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများ နိုင်ငံခြားသားများ ပါဝင်ဆောင်ရွက်ခွင့်ပြုသည့် ညွှန်ကြားချက်ထုတ်ပြန်ခြင်း

 

၁။         ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်သည် (၁၂--၂၀၁၉) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၉ ဖြင့် ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများနေ့စဉ် အရောင်းအဝယ်ပြုလုပ်ရာ၌ နိုင်ငံခြားသားများ ပါဝင်ဆောင်ရွက်ခွင့်ပြုသည့် အမိန့်ကြော်ငြာစာကို ထုတ်ပြန်ခဲ့ပါသည်။

 

၂။         ကော်မရှင်သည် အဆိုပါ အမိန့်ကြော်ငြာစာပါ သတ်မှတ်ပြဌာန်းချက်များနှင့်အညီ ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများ ရောင်းဝယ်မှုတွင် နိုင်ငံခြားသားများ ပါဝင်ဆောင်ရွက်ရာ၌ ရန်ကုန်စတော့အိပ်ချိန်းနှင့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများက လိုက်နာဆောင်ရွက်ရန် အချက်များကို ညွှန်ကြားချက်အမှတ် (/၂၀၂၀) ဖြင့် ၆--၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ပြီး ဖြစ်ပါသည်။ အဆိုပါညွှန်ကြားချက်သည် ၂၀--၂၀၂၀ ရက်နေ့တွင် စတင်အကျိုးသက်ရောက်မည် ဖြစ်ပါကြောင်းနှင့် စိတ်ပါဝင်စားသူ ပြည်တွင်းနေနိုင်ငံခြားသား၊ ပြည်ပနေနိုင်ငံခြားသားများသည် ရန်ကုန်စတော့အိပ်ချိန်း၊ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

 

(မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်)