ရန်ကုန်  ဇန်နဝါရီ ၂၃


မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သော အဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာအထူး ကိုယ်စားလှယ် H.E Mr.Sun Guဝxiang ဦးဆောင်သော အဖွဲ့တို့သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် တွေ့ဆုံကြသည်။


ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ နယ်မြေဒေသ တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးတိုးတက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ 


ညွန့်ကိုကို