နေပြည်တော် ၁၉ ဖေဖော်ဝါရီ

 

၂၀၂၀ခုနှစ်၊ မြန်မာနိုင်ငံပြေးခုန်ပစ်ဥက္ကဌဖလားဝန်ကြီးဌာနပေါင်းစုံပြေးခုန် ပစ်ပြိုင်ပွဲကို ယနေ့နံနက် (၇)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားပြိုင် ကွင်း၌ကျင်းပရာ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးသိန်းထွန်းလတ်၊  မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ အသီးသီး တက်ရောက် ကြည်ရှု့ခဲ့သည်။ 

 

96

 

ယနေ့ပြိုင်ပွဲများအဖြစ် မီတာ၁၀ဝ၀ဝ(ကျား/မ)၊ တုတ်ထောက်ခုန်(ကျား)၊အလျား ခုန်(မ)၊ သံလုံးပစ်(မ)၊ လှံတံပစ်(မ)၊ မီတာ ၄၀ဝ တန်းကျော်ပြေး (ကျား/မ)၊ သံလုံးပစ် (ကျား)၊ မီတာ၈၀ဝ(ကျား/မ)၊ မီတာ ၂၀ဝ (ကျား/မ)၊ မီတာ၄၀ဝx၄ လက်ဆင့်ကမ်း(ကျား /မ)၊ မ(၇)မျိုးစုံအလျားခုန်/လှံတံပစ်/ မီတာ ၈၀ဝ ပြိုင်ပွဲများ ကျင်းပခဲ့သည်။

 

523

 

ပြိုင်ပွဲများအပြီး ဆုချီးမြှင့်ရာ အမျိုးသမီးမီတာ(၁၀ဝ၀ဝ)ပြိုင်ပွဲတွင် ပထမ     အေးအေးသန်း (ပြည်ထဲရေး)၊ ဒုတိယ လွီးဇာ(ဆောက်လုပ်ရေး)၊ တတိယ ခင်မာဆယ် (နေပြည်တော်စည်ပင်)တို့အား အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှလည်းကောင်း၊ အမျိုးသား တုတ်ထောက် ခုန်ပြိုင်ပွဲတွင် ပထမ ချစ်သွေးညီ(ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး)၊ ဒုတိယစောဆာရှီး (စိုက်၊မွေး၊ဆည်)၊ တတိယ အောင်သူထက်(နေပြည်တော်စည်ပင်) တို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်မှလည်းကောင်း၊ အမျိုးသမီး သံလုံးပစ် ပြိုင်ပွဲတွင် ပထမ ဂျေမီလီအေး(ဆောက်လုပ်ရေး)၊ ဒုတိယ အေးချမ်းဗိုလ်(ဆောက် လုပ်ရေး)၊ တတိယ ခင်နှင်းသန့်(စိုက်၊မွေး၊ဆည်)၊ အမျိုးသားမီတာ(၁၀ဝ၀ဝ)ပြိုင်ပွဲ  တွင် ပထမဝင်းနိုင်ထွန်း (နေပြည်တော်စည်ပင်)၊  ဒုတိယ ဆန်းနိုင်(နေပြည်တော်စည်ပင်)၊ တတိယ သန်းထိုက်စိုး (ကျန်းမာ/အားကစား)၊ အမျိုးသမီးအလျားခုန်ပြိုင်ပွဲတွင် ပထမ နှင်းထက်ထက်လှိုင် (ကာကွယ်ရေး)၊ ဒုတိယဖရန်စစ္စတာ (ကာကွယ်ရေး)၊တတိယ ယဉ်ယဉ်စိုး(တံခွန်စိုက်) ၊ အမျိုးသားသံလုံးပစ်ပြိုင်ပွဲတွင် ပထမ ထက်ဝေယံ(ပြည်ထဲရေး)၊ ဒုတိယ မျိုးဇင်ဦး(ကာကွယ်ရေး)၊ တတိယ ရဲထက်အောင် (ပြည်ထဲရေး)၊ အမျိုး သမီးမီတာ(၈၀ဝ)ပြိ်ုငပွဲတွင် ပထမ ရွှေလီမြင့်(ပြည်ထဲရေး)၊ ဒုတိယ သီသီမွန်(ကာ ကွယ်ရေး)၊ တတိယ အေးအေးအောင်(ပြည်ထဲရေး)၊ အမျိုးသားမီတာ(၈၀ဝ)ပြိုင်ပွဲ တွင် ပထမ မင်းမင်းဇော် (နေပြည်တော်စည်ပင်)၊ ဒုတိယ ဖြိုးကျော်ဇင်ဦး(နေပြည် တော်စည်ပင်)၊ တတိယ ကျော်နိုင်ထွေး (ကာကွယ်ရေး)၊ အမျိုးသမီးမီတာ(၂၀ဝ)ပြိုင်ပွဲ တွင် ပထမ သိမ့်သိမ့်စံ(ကာကွယ်ရေး)၊ ဒုတိယ မေဦးခိုင်(ကာကွယ်ရေး)၊ တတိယ    မေမြတ်နိုး(ပြည်ထဲရေး)၊ အမျိုးသားမီတာ(၂၀ဝ)ပြိုင်ပွဲတွင် ပထမ လွင်မိုး(ဆောက် လုပ်ရေး)၊ ဒုတိယ ဟိန်းပြည့်စုံ(တံခွန်စိုက်)၊ တတိယ ထက်ရှိုင်းအောင် (နေပြည်တော်စည်ပင်)၊ အမျိုးသမီး(၇)မျိုးစုံပြိုင်ပွဲတွင် ပထမ ဖရန်စစ္စတာ(ကာကွယ်ရေး)၊ ဒုတိယ ယဉ်ယဉ်စိုး(တံခွန်စိုက်)၊ တတိယ နန်းခမ်းထွေး(ကာကွယ်ရေး)၊ မီတာ(၄၀ဝx၄) လက်ဆင့်ကမ်း ပြိုင်ပွဲတွင် ပထမ(ကာကွယ်ရေး)၊ ဒုတိယ(ပြည်ထဲရေး)၊ တတိယ(ဆောက် လုပ်ရေး)၊ အမျိုးသားမီတာ (၄၀ဝx၄)လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမ(နေပြည်တော် စည်ပင်)၊ ဒုတိယ(ကျန်းမာ/အားကစား)၊ တတိယ(ပြည်ထဲရေး)တို့အား တာဝန်ရှိသူ များမှ ဆုများအသီးသီးချီးမြှင့်ခဲ့ ကြသည်။

 

632025

 

အဆိုပါ ၂၀၂၀ခုနှစ် ဝန်ကြီးဌာနပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲများကို (၁၇.၂.၂၀၂၀) ရက်နေ့မှ (၂၀.၂.၂၀၂၀) ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် နေ့စဉ်နံနက်(၇) နာရီအချိန်မှစတင်ပြီး ယှဉ်ပြိုင် ကစားကြမည် ဖြစ်ပါသဖြင့် ပြေးခုန်ပစ်အားကစားနည်း ကို စိတ်ပါဝင်စားသော အားကစား ဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။

 

MDN   

 

963852