မြန်မာနိုင်ငံ ဖုန်းဈေးကွက်အတွင်း Mi စမတ်ဖုန်းများ လူကြိုက်များလာ

download လုပ်ရင် ဖိုင်ဆိုဒ်အပြည့် မပါတာ၊ Double tap လုပ်ရုံနဲ့ မျက်နှာပြင် ပွင့်မလာတာတွေ ကြုံရလေ့ရှိပါတယ်။


ယင်းကဲ့သို့ အဖြစ်များတဲ့ ပြဿနာအချို့ ဖြေရှင်းနည်းအား တင်ပြလိုက်ပါတယ်။


Software တစ်ခုခု install လုပ်ဖို့ Allow မပေးပါက - Setting >> Additional Setting>> Privacy >> Unknown Sources ကို ဖွင့်ပေးထားပါ။


Double tap လုပ်ရုံဖြင့် ဖုန်းပွင့်မလာပါက - Setting >> Display>> Double tap screen wake ကို ဖွင့်ပေးထားပါ။


Download ဆွဲရင် ဖိုင်ဆိုဒ်အပြည့် ဆွဲမရပါက - မိမိဖုန်းထဲက Download Application ကိုရှာပါ။ အပေါ် ညာဘက်ထောင့်ရှိ အစက်သုံးစက်ကနေ Setting ကို သွားပါ။ Setting >> Download using mobile data is ကို unlimited ပေးထားလိုက်ပါ။


Developer Option ကို မတွေ့ပါက - Setting >> About phone>> MIUI Version ကို ခုနချက် ဆက်တိုက်နှိပ်ပေးပါ။


Messenger မှာ Cheat ဖွင့်မရတာ၊ Facebook ကနေ Messenger ကို သွားလို့မရပါက - Setting>> Installed app>> Messenger>> Permission manager ကနေ အောက်ဆုံးက Display pop-up window ကို အမှန်ခြစ်ပေးထားလိုက်ပါ။


Zapya ချိတ်မရပါက - Security Application >> Data usage>> Restrict Data Usage>> Zapya ကို Data နဲ့ WLAN မှာပါ အမှန်ခြစ်ပေးထားပါ။


Scan QR code ဖတ်မရပါက Camera ကိုဖွင့်ထားပြီး Menu ကို ဖိကာ Setting ထဲကို ဝင်ပါ။ ထို့နောက် Scan QR code ကိုဖွင့်ပေးထားရုံဖြင့် Scan ဖတ်နိုင်ပါပြီ။


လက်နှစ်ချောင်းဖြင့် မျက်နှာပြင်ပေါ် ဖိဆွဲလိုက်လျှင် Home Screen Edit mode သို့ အသင့်ရောက်နိုင်သည်။ လက်သုံးချောင်းဖြင့် မျက်နှာပြင်ကို ဖိဆွဲလိုက်ခြင်းဖြင့် Screen shoot ရိုက်နိုင်သည်။


Quick Ball မပေါ်ပါက Setting >> Additional Setting >> Quick Ball ကို ဖွင့်ပေးထားခြင်းဖြင့် မျက်နှာပြင်ပေါ်တွင် Quick Ball ပေါ်လာမှာ ဖြစ်ပါတယ်။


စိုးမိုးဇော် (MDN)