နေပြည်တော် ၈ ဧပြီ

 

ယနေ့ မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၂၄ မိနစ် ၅၄ စက္ကန့်တွင် ထားဝယ်မြေငလျင် စခန်းမှ အနောက်တောင်ဘက် (၁၉၇)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region) မြောက်လတ္တီတွဒ် (၁၂.၇၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၆၁) ဒီဂရီ၊ အနက် (၈၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.ဝ) အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

MDN