နေပြည်တော် ၂၉ စက်တင်ဘာ
၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၁)ရက်တွင် ကျရောက်မည့် (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၁၇) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ခွဲမှူး ယာယီဒုတိယရဲမှူးကြီး လှိုင်ကျော်မြင့်ဦးစီး အရာရှိ/ အခြားအဆင့်တပ်ဖွဲ့ဝင် (၅၅)ဦးတို့သည် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ က ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN


