နေပြည်တော် ၅  စက်တင်ဘာ 


မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်နှင့် ကိုရီးယားနိုင်ငံ Korea Maritime Institute (KMI)တို့အကြား ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ  လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို စက်တင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်မြို့ရှိ အဆိုပါတက္ကသိုလ်၏ ပါမောက္ခချုပ်ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

 

1

 


အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်နှင့် Korea Maritime Institute ၏ President , Dr.Chang Ho Yang တို့က မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်နှင့် Korea Maritime Institute တို့အကြား နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးကြသည်။


မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်နှင့် Korea Maritime Institute တို့သည် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက်၂၀၁၂ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး နှစ်စဉ်ရေကြောင်းဆိုင်ရာ စာတမ်းဖတ်ပွဲများ၊ ရေကြောင်းနှင့် ပင်လယ်ပြင်ဆိုင်ရာ လုပ်ငန်းများ၊ ငါးလုပ်ငန်းများနှင့် ပတ်သက်သည့် သုတေသန လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။


(သတင်းစဉ်)