နေပြည်တော်၊ ဇွန် ၃

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် (သန်လျင်) ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒုတိယနှစ်ဝက် သင်တန်းမျာကို ယနေ့တွင် စတင်ဖွင့်လှစ်သည်။

မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်၌ ဘွဲ့ကြိုအင်ဂျင်နီယာဘာသာရပ် (၆) ခုဖြစ်သည့် ရေယာဉ်တည်ဆောက်မှု အင်ဂျင်နီယာဘာသာရပ်၊ ရေကြောင်းအင်ဂျင်နီယာဘာသာရပ်၊ ရေကြောင်းလျှပ်စစ်နှင့် အီလက်ထရောနစ်ဘာသာရပ်၊ ဆိပ်ကမ်းအင်ဂျင်နီယာဘာသာရပ်၊ မြစ် ချောင်းနှင့် ကမ်းရိုးတန်း အင်ဂျင်နီယာဘာသာရပ်၊ ရေကြောင်းစက်မှုအင်ဂျင်နီယာဘာသာရပ် နှင့် ရေကြောင်းသိပ္ပံဘာသာရပ်များတွင် ဘွဲ့ကြိုကျောင်းသား / ကျောင်းသူ စုစုပေါင်း (၉၇၇)ဦး တက်ရောက်လျက်ရှိပြီး ဘွဲ့လွန်ဒီပလိုမာဘာသာရပ် (၃) ခုဖြစ်သည့် သင်္ဘောလုပ်ငန်းစီမံခန့်ခွဲမှု၊ ဆိပ်ကမ်းစီမံခန့်ခွဲမှုနှင့် ထောက်ပံ့သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှုတို့တွင် ကျောင်းသား/ကျောင်း သူ (၆၆) ဦးနှင့် ထောက်ပံ့ပို့ဆောင်ရေးနှင့် လုပ်ငန်းကွန်ရက် ချိတ်ဆက်ရေးစီမံခန့်ခွဲမှု မဟာသိပ္ပံ သင်တန်းတွင် ကျောင်းသား/ကျောင်းသူ (၅၁) ဦး တက်ရောက်လျက်ရှိသည့်အတွက် စုစုပေါင်း ဘွဲ့ကြို/ ဘွဲ့လွန် ကျောင်းသား/ ကျောင်းသူ (၁၀၉၄) ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်