ရန်ကုန်    ဖေဖော်ဝါရီ    ၂၂

အားကစားနှင့်    လူငယ်ရေးရာဝန်ကြီးဌာန   မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်   ဒိုင်လူကြီးသင်တန်း  (၁/၂၀၂၆)ကို  ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ မင်္ဂလာ‌တောင်ညွန့်မြို့နယ် သိမ်ဖြူ အားကစားရုံ၌   ဖွင့်လှစ်သည်။

အခမ်းအနားတွင်  မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဝင်းထွန်းက အမှာစကားပြောကြားပြီး   သင်တန်းဆရာများက  ဒိုင်လူကြီးသင်တန်းအား ပို့ချသည်။

ယင်းသင်တန်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ သင်တန်းသား ၃၀ ခန့် ပါဝင်တက်ရောက်ကြပြီး  သင်တန်းကို ဖေဖော်ဝါရီ  ၂၂  ရက်မှ  ၂၈  ရက်အထိ  ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ယင်းသင်တန်းသားများအား မျိုးဆက်သစ်လက်ဝှေ့ပြိုင်ပွဲများတွင် ဒိုင်လူကြီးများအဖြစ် တာဝန်ယူဆောင်ရွက်သွားစေမည်ဖြစ်ကြောင်း သိရသည်။                  

ဗလ