နေပြည်တော် ၅ ဇန်နဝါရီ
မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း(ဗဟို)မှ ဆောင်ရွက်လျက်ရှိသော ရင်ခွင်မဲ့ကလေးငယ်များ ကာကွယ်စောင့်ရှောက်ရေးအတွက် Diplomatic and International Golfer’s Affiliation of Yangon က လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၃၀ဝ၀)၊ ကလေးများအတွက် အဝတ် အထည်နှင့်ကစားစရာများကို စင်္ကာပူနိုင်ငံသံအမတ်ကြီး မစ္စ ဗန်နက်ဆာ ချန် ယွမ် ရင် ကလည်းကောင်း၊ မြန်မာနိုင်ငံ ဆိုင်ရာ ဟန်ဂေရီဂုဏ်ထူးဆောင် ကောင်စစ်ဝန် ဒေါ်တင့်တင့်လွင်၊ မြန်မာနိုင်ငံ ဆိုင်ရာ ချက်ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ဒေါ်လှလှဝေနှင့် မြန်မာနိုင်ငံဆိုင်ရာ ယူကရိန်း ဂုဏ်ထူး ဆောင်ကောင်စစ်ဝန် ဦးအောင်လှိုင်ဦးနှင့် ဇနီးတို့က ငွေကျပ်(၃)သိန်းစီကို လည်းကောင်း ယနေ့နံနက်ပိုင်းတွင် လာရောက်ပေးအပ်လှူဒါန်းရာ အသင်းဥက္ကဌ ဒေါ်မေယဉ်ထွန်းက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး စင်ကာပူနိုင်ငံသံ အမတ်ကြီးက လှူဒါန်းရခြင်း အကြောင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အသင်းဥက္ကဌက အလှူငွေနှင့်ပစ္စည်းများ လက်ခံ၍ ကျေးဇူးတင် စကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)